Choose Your Level
Select from N5 to N1 based on your skill
Study Materials
Learn with flashcards and references
Practice Tests
Test your knowledge with mock exams
About Hein JLPT Master
Hein JLPT Master N5 မှ N1 အထိရှိသော ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ (JLPT) အဆင့်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူနိုင်ရန် ကူညီပေးမည့် ပြည့်စုံသော ဂျပန်ဘာသာသင်ယူမှု platform တစ်ခု ဖြစ်ပါသည်
Features:
- Interactive Kanji Flashcards
- Vocabulary with Furigana
- Grammar Reference Guide
- Practice Tests for All Levels
JLPT Levels:
- N5 - Beginner (Basic)
- N4 - Elementary
- N3 - Intermediate
- N2 - Upper-Intermediate
- N1 - Advanced
Mock Test
Quick practice test for N5 levelFull Practice Test
Complete N5 simulation examKanji Cards
103 characters for N5Kanji Reference
103 characters for N5Vocabulary Reference
800 words for N5Grammar Reference
80 patterns for N5မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ဟိန်းထက်အောင် ပါ။ အသက် ၁၉ နှစ်ပါ။ ဂျပန်စာ စသင်တုန်းက အသက် ၁၆ နှစ် ဒါမှမဟုတ် ၁၇ နှစ်လောက်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းက COVID-19 ကပ်ရောဂါ ဖြစ်နေတာကြောင့် အပြင်ထွက်လို့မရဘဲ အိမ်မှာပဲ နေခဲ့ရပါတယ်။ အဲဒီကနေစပြီး Anime တွေ စကြည့်ဖြစ်ခဲ့တာပါ။
Anime တွေကြည့်ရတာကို တကယ်ကို နှစ်သက်ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အသစ်ရော အဟောင်းပါမကျန်၊ One Piece နဲ့ Naruto လိုမျိုး အရှည်ကြာဆုံး series တွေကိုပါ အကုန်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျတော့ ကိုယ်က ဂျပန်စာမသိလို့ စာတန်းထိုး (subtitle) နဲ့ပဲ Anime ကြည့်နေရတာကို သတိထားမိလာပါတယ်။ ကိုယ်ကြည့်ချင်တဲ့ Anime က စာတန်းထိုးမရှိရင် ကြည့်လို့မရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
အဲဒါနဲ့ တစ်နေ့မှာတော့ "ဂျပန်စာသာ တတ်ရင် စာတန်းထိုးမလိုဘဲ ကြည့်ချင်တဲ့ Anime အကုန်ကြည့်လို့ရမှာပဲ" လို့ စဉ်းစားမိလာခဲ့ပါတယ်။ အဲဒီကစပြီး N5 စလေ့လာခဲ့တာပါ။ တိကျတဲ့ ရည်ရွယ်ချက်ဆိုတာမျိုး မရှိဘဲ Anime ကြည့်ချင်လို့သက်သက်ပဲ ဖြစ်ပါတယ်။ အစတုန်းကတော့ N3 ထိရည်ရွယ်ခဲ့ပေမဲ့ တဖြည်းဖြည်းလုပ်ရင်း N1 ထိရောက်ခဲ့ပါတယ်။
ဂျပန်စာကို ပျော်ရွှင်စွာ သင်ယူရင်းနဲ့ ဂျပန်ကိုသွားချင်တဲ့ စိတ်တွေ ဝင်လာခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်း လည်ပတ်ဖို့တင် မဟုတ်ဘဲ ဂျပန်နိုင်ငံအကြောင်းနဲ့ ဂျပန်ရဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်အကြောင်းကိုပါ လေ့လာချင်ခဲ့တာပါ။ အဲဒီအချိန်မှာပဲ Web Developer အလုပ်အပေါ်လည်း စိတ်ဝင်စားမှုရှိခဲ့တာကြောင့် ဂျပန်မှာ Developer တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ရဖို့က ကျွန်တော့်ရဲ့ အိပ်မက် ဖြစ်လာခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ တခြားဘာသာစကားတစ်ခုကို သင်ယူရတာ မလွယ်ကူပါဘူး။ ခက်ခဲပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေး သင်ယူသွားရင် လွယ်ကူနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ငယ်ငယ်တုန်းက ကျွန်တော်တို့ သဒ္ဒါ (grammar) တွေမသိဘဲ စကားပြောတတ်ခဲ့ကြပါတယ်။ ကြားဖူးနားဝရှိတာတွေကိုပဲ လိုက်ပြောရင်းနဲ့ တတ်သွားခဲ့ကြတာပါ။
ဘာသာစကားတစ်ခုကို သင်ယူတာလည်း အဲဒီလိုပါပဲ။ တစ်ဆင့်ချင်းစီ လေ့လာသွားပါ။ ဒါဆိုရင် အဆင်ပြေပြေနဲ့ တိုးတက်လာပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ ကိုယ့်ဘာသာကိုယ် စကားပြောတာ၊ အဲဒီဘာသာစကားနဲ့ တွေးတာ၊ Anime ဒါမှမဟုတ် တခြားဆက်စပ်တာတွေ ကြည့်တာမျိုးတွေ လုပ်ပါ။ လေ့လာတာတွေကို စိတ်ထဲမှတ်ထားပြီး နေ့တိုင်း လေ့ကျင့်ပါ။ စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းက အဓိကသော့ချက်ပါ ဆိုတာကို အမြဲ မှတ်ထားပါ။
ခန်ဂျီ (Kanji) သင်ယူတာနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ခန်ဂျီအားလုံးကို ဖတ်နိုင်တာ မဟုတ်ပါဘူး။ ဂျပန်လူမျိုးတွေကိုယ်တိုင်လည်း ခန်ဂျီအားလုံးကို ဖတ်နိုင်တာ မဟုတ်ပါဘူး။ ခန်ဂျီက စတင်လေ့လာသူတွေအတွက် ပြဿနာတစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ မကြာခဏ မြင်တွေ့နေရတဲ့အခါ ဒါတွေက အဆင်ပြေသွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။
How I Learn Japanese - Hein's Journey
ကျွန်တော့် သင်ယူမှုလမ်းကြောင်း-
အဆင့် ၁- Hiragana နှင့် Katakana ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာပါ
ဂျပန်စာ၏ အခြေခံ စာရေးစနစ်များဖြင့် စတင်ပါ။
အဆင့် ၂- အခြေခံ ခန်ဂျီများ (N5) ကို လေ့လာပါ
မရှိမဖြစ် ခန်ဂျီအက္ခရာ ၁၀၃ လုံး
အဆင့် ၃- ဝေါဟာရတည်ဆောက်ပါ
မှန်ကန်သော အသံထွက်များဖြင့် ဝေါဟာရ ၈၀၀+
အဆင့် ၄- သဒ္ဒါအခြေခံများ
မရှိမဖြစ် သဒ္ဒါပုံစံများနှင့် စကားလုံးများ (particles)
လေ့လာမှု နည်းလမ်းများ-
Recommended Learning Resources
Textbooks:
- • Genki I & II
- • Minna no Nihongo
- • Tobira Gateway to Advanced Japanese
Apps & Websites:
- • Anki (Spaced Repetition)
- • WaniKani (Kanji Learning)
- • Bunpro (Grammar Practice)
Practice:
- • JLPT Official Practice Tests
- • NHK News Web Easy
- • Japanese Language Exchange